သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး  (Talk Show) ဆွေးနွေးပွဲ ကျင်းပ

လိပ်သို ဧပြီ    ၈

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို  ယနေ့နံနက်(၁၀)နာရီအချိန်က   ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင်  ကျင်းပခဲ့သည်။

အဆိုပါ  ဆွေးနွေးပွဲတွင်  ဘောဂလိမြို့  (Book Club) အဖွဲ့ဝင် ဦးနေလင်းဦး  ပြန်ကြာရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်တို့က  ဦးဆောင်ဆွေးနွေး ခဲ့ကြပြီး   သဘာဝပတ်ဝန်းကျင်စိန်းလန်းဖို့ သစ်တောသစ်ပင်ထိန်းသိမ်းရန် လိုအပ်ကြောင်း၊   စိုက်ပျိုးပြီးသစ်ပင်များ  ရှင်သန်အောင်ပြုစုပေးရန်လိုကြောင်း ၊သစ်ပင်စိုက်ပျိုးထိန်းသိမ်းလျှင်  အကျိုးရှိသည်မှာ  အမှန်ပင်ဖြစ်ကြောင်း၊  သစ်တောသစ်ပင်များပျက်ဆီးလျှင် သဘာဝ ပတ်ဝန်းကျင်လည်း  လေထုညစ်ညမ်းကြောင်းအစရှိသည့်  အသိပညာပေး အကြောင်းအရာများကို   ဆွေးနွေးခဲ့ကြပါသည်။

ကြည်ကြည်ခိုင်(ဘောဂလိ)