ကန့်ဘလူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ဖြေဆို

ကန့်ဘလူ ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန ငါးခုတွင် အဌမနေ့အဖြစ် သမိုင်းဘာသာရပ်ကို ကျောင်းသား ၁၁၀ ဦး၊ ကျောင်းသူ ၁၀၅ ဦး စုစုပေါင်း ၂၁၅ ဦး အေးချမ်းစွာဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကန့်ဘလူမြို့နယ်အတွင်းရှိ စာစစ်ဌာနငါးခုတွင် ဖြေဆိုမည့်ကျောင်း သား၊ ကျောင်းသူ ၂၅၇  ဦးရှိပြီး ဖြေဆိုသည့် ကျောင်းသား ၁၁၀ ဦး၊ ကျောင်းသူ ၁၀၅ ဦးရှိကာ ပျက်ကွက် ၄၂ ရှိရာ ဖြေဆိုမှုရာခိုင်နှုန်း ၈၃ ဒသမ ၆၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာပူးပေါင်း အဖွဲ့များက ကျောင်းအတွင်း၊ အပြင် လုံခြုံရေးများထားရှိကာ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)