ရှမ်းရွာသစ်မြို့ မဲလောခီးကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်

ရှမ်းရွာသစ်   ဧပြီ  ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က မဲလောခီးကျေးရွာအုပ်စုရှိ‌ အသက်(၁၈)နှစ် ထက်ဒေသနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ရာတွင်  မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်၊ ဒုလက်ထောက်လဝကဦးစီးမှူးဦးသန်းကိုနှင့်ဝန်ထမ်းများ၊ ကျေးရွာ အုပ်စုတာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတန်ဖိုး အကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး မဲလော ခီးကျေးရွာအုပ်စုရှိ အသက် (၁၈)နှစ်ထက်ဒေသနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား များကို အခမဲ့ပြုလုပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)