ရုံးချုပ်မှ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၃)လလျှင်တစ်ကြိမ် ပုံပြင်ပြောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကျောင်းသူအား ဆုချီးမြှင့်

ကော့ကရိတ်  ဧပြီ ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲ (၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၃)လလျှင်တစ်ကြိမ်  ပုံပြင်ပြောပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ အဆိုပါပြိုင်ပွဲတွင် ဒုတိယဆု ရရှိသည့်  ကော့ကရိတ်ခရိုင်ကိုယ်စားပြု ကျောင်းသူ တစ်ဦးအား ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်လေးနွယ်က ဆုချီးမြှင့် ပေးခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာတစ်နိုင်လုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် ကျောင်းသား၊ ကျောင်းသူများအနက်  ဒုတိယဆုကို ကော့ကရိတ်ခရိုင်ကိုယ်စားပြု  အထက (ချောင်းတောင်)မှ စတုတ္ထတန်း ကျောင်းသူ မရှင်းသန့်နဒီက ရရှိခဲ့ပြီး၊ ပထမ၊ တတိယ၊ နှစ်သိမ့်ဆု (၅)ဆုကို အခြား တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ကျောင်းသား၊ သူများရရှိခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)