ခမောက်ကြီး ဧပြီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ သတ္တမနေ့အဖြစ် အတွဲ(၂)ဝိဇ္ဇာတွဲ ကျောင်းသား၊ ကျောင်းသူများမှ ပထဝီဝင်ဘာသာရပ်ကို အေးချမ်းစွာဖြင့် ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
အထက ခမောက်ကြီးကျောင်း စာဖြေဌာနတွင် အတွဲ (၂) ဝိဇ္ဇာတွဲဖြေဆိုသူ စာရင်းရှိ (၁၇) ဦးရှိပြီး ဖြေဆိုသူ (၁၅) ဦးရှိကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် ဆရာ၊ ဆရာမများ ကျန်းမာရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရူပါမြင့် (ခမောက်ကြီး)