မြောင်းမြမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဘာသာရပ် ဆက်လက်ဖြေဆို ပြီးစီး

မြောင်းမြ ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ယနေ့နံနက်(၉)နာရီမှစ၍ နေ့လယ်(၁၂)နာရီထိ  ၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ  ပထဝီ ဘာသာရပ်များကို  အေးချမ်းစွာ ဆက်လက် ဖြေဆို ပြီးစီးခဲ့သည်။

မြောင်းမြမြို့တွင်  ယနေ့ဖြေဆိုရသော ပထဝီ ဘာသာရပ်ကို စာဖြေဌာန (၁၁)နေရာ၌ ဖြေဆိုရာ ဖြေဆိုရန်တင်သွင်းထားသူ ၅၃၄ ဦးတွင်  ဖြေဆိုသူဦးရေ  ၄၈၉ ဦး၊ ပျက်ကွက်  ၄၅ ဦး ရှိရာ ဖြေဆိုသည့်ရာခိုင်နှုန်း ၉၁.၅၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ မြောင်းမြခရိုင်အတွင်းတွင် ပထဝီဘာသာရပ်ကို စာဖြေဌာန (၃၂)နေရာ၌ ဖြေဆိုရာ ဖြေဆိုရန် တင်သွင်းထားသူ ၂၅၂၇ ဦးတွင် ဖြေဆိုသူဦးရေ  ၂၃၃၄ ဦး၊ ပျက်ကွက်  ၁၉၃ ဦး ရှိရာ ဖြေဆိုသည့်ရာခိုင်နှုန်း ၉၂.၃၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား ဖြေဆိုခြင်းမပြုမီ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ Mask များ တပ်ဆင်လာစေခြင်း၊ အပူချိန် တိုင်းတာခြင်း၊ စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများကို ဆရာ/ဆရာမများက စနစ်တကျ ဆောင်ရွက် ခဲ့ကြသည်။                       

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝန်း အတွင်းနှင့် အပြင်များတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ ပညာရေးမှူးများ၊ ကြီးကြပ်ရေး ဆရာ/ ဆရာမများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီးကြောင်းရှိသည်။

မြောင်းမြခရိုင်၊ ပြန်/ဆက်