သာပေါင်း ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ တလုပ်ကုန်းကျေးရွာအုပ်စု၊ နွားထောင်ကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာအုပ်စု၊ ကွင်းကောက်ကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာအုပ်စု၊ ငဝန်ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းပေါက်ကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာအုပ်စု၊ ပျဉ်းမထုံးကျေးရွာအုပ်စု၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာအုပ်စုတို့တွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်မှလွဲ၍ ဆေးထိုးရန်ကျန်ရှိ အသက်(၁၈)နှစ်အထက် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သောကြီးကြပ်ရေးအဖွဲ့များမှ ကျေးရွာများအရောက် ဆေးထိုးစုရပ်ပြု၍ နေ့စဉ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က စတင်ကာ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ကျ ဌာနဆိုင်ရာများမှ ကျေးရွာများအရောက် လှည်လည်ကြည့်ရှု အားပေးပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ပေးကြရာ ဇီးဖြူကွင်းကျေးရွာအုပ်စုတွင် (၃၃)ဦး၊ တလုပ်ကုန်းကျေးရွာအုပ်စုတွင် (၃၃)ဦး၊ နွားထောင်ကျေးရွာတွင် (၁၁)ဦး၊ ရွှေညောင်ပင်ကျေးရွာအုပ်စုတွင် (၁၁)ဦး၊ ကျွန်းကုန်းကျေးရွာအုပ်စုတွင် (၃၃)၊ ကွင်းကောက်ကျေးရွာအုပ်စုတွင် (၁၁)၊ သရက်ကုန်းကျေးရွာအုပ်စုတွင် (၁၁)၊ ငဝန်ကြို့ကုန်းကျေးရွာအုပ်စုတွင် (၁၁)၊ ကွင်းပေါက်ကျေးရွာအုပ်စုတွင် (၅၅)၊ ရှမ်းကွင်းကျေးရွာအုပ်စုတွင် (၃၃)၊ ပျဉ်းမထုံးကျေးရွာအုပ်စုတွင် (၃၃)၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စုတွင် (၃၃)၊ ကျုံဒဒွန်းကျေးရွာအုပ်စုတွင် (၁၁)နှင့် အခြားကျေးရွာအုပ်စုများတွင် (၃၇၇)ဦးတို့ကို ဆေးထိုးစုရပ်ပြုလုပ်၍ အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသည့် စုစုပေါင်းပြည်သူ (၆၈၅)ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း