သံတောင်ကြီး ဧပြီ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်ကလေးငယ်များကျန်းမာ သန်စွမ်းစေရန်နှင့် ဉာဏ်ရည်ထက်မြက်စေရန် အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့ပြည်သူ့ဆေးရုံတွင် ဆက်လက် တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းကို သံတောင်ကြီးမြို့ ကျန်းမာရေးဆရာမ ဒေါ်မိုး မိုးခိုင် နှင့် ကျန်းမာရေးဝန်ထမ်းများကဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျော(ရိုတာ) ၊ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)စသည့် ကာကွယ်ဆေးများကို သံတောင် ကြီးမြို့အသက်တစ်နှစ်အောက်ကလေးငယ်များအား တိုက်ကျွေးဆောင်ရွက်ခဲ့ကြောင်းသိ ရသည်။
စောမင်းသား(ပြန်/ဆက်)