သဲကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ (ပထဝီဝင်) ဘာသာအား စာစစ်ဌာန (၂) ခုတွင် ရာနှုန်းပြည့် ဆက်လက်ဖြေဆို

သဲကုန်း ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်း  မြို့နယ်တွင် ယနေ့ နံနက် ကျင်းပသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ  ပထဝီဝင်ဘာသာရပ်ကို စာရင်းပေးသွင်းသူ (၁၆) မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတို့၌ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၆) ဦး တို့ဖြင့် ရာနှုန်းပြည့်အေးချမ်းစွာ ဆက်လက် ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သဲကုန်းမြို့နယ် အတွင်းရှိ အ.ထ.က သဲကုန်း စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်း ပေးသွင်းသူပေါင်း ၁၄ ဦး ရှိသည့်အနက် ၁၄ ဦး လာရောက်ဖြေဆိုကြပြီး အ.ထ.က  ပုတီးကုန်းစာစစ်ဌာန၌ စာရင်းပေးသွင်းသူ  ၂ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ၂ ဦး၊ ရှိရာ သဲကုန်းမြို့နယ်အတွင်း ပထဝီဝင် ဘာသာရပ်အား ရာခိုင်နှုန်းပြည့် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆို နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ များ၊ ရပ်ကွက်ကျေးရွာအုပ် ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်