သံတောင်ကြီး ဧပြီ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထဝီဝင်ဘာသာကို ယနေ့နံနက် (၉) နာရီအချိန်တွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန(၃)ခုဖြစ်သည့်အထက (ဘုရင့်နောင်)၊ အထက (လိပ်သို)၊ အထက (သပြေညွှန့်) တို့တွင် ပထဝီဝင်ဘာသာရပ် စာမေးပွဲဖြေဆိုမည့် ကျောင်းသူ/ ကျောင်းသားစာရင်းရှိမှာ (၉၉) ဦးဖြစ်ပြီး ဝင်ရောက်ဖြေ ဆိုသည့် ကျောင်းသူ/ကျောင်းသား (၈၃) ဦး ရှိကာ ပျက်ကွက် (၁၆) ဦးရှိသည့် အတွက် ဖြေဆိုမှု (၈၃.၈၄) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်၊ လမ်းညွှန်ချက် များနှင့်အညီ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
နော်နော်မူ