အထက်မင်းလှ ဧပြီ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ယနေ့နံနက်(၉)နာရီတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုကြသည်။
မင်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မင်းလှမြို့နယ်အခြေခံပညာ အထက်တန်းကျောင်း၊ မလွန်အခြေခံပညာ အထက်တန်းကျောင်း၊ လင်းကယ်အခြေခံပညာ အထက်တန်းကျောင်း၊ ရေနံမအခြေခံပညာ အထက်တန်းကျောင်းနှင့် လက်ပံတံခါး အခြေခံပညာ အထက်တန်းကျောင်းစသည့် စာစစ်ဌာနပေါင်း (၅)ခုဖြင့် ကျင်းပရာ ယနေ့ဖြေဆိုသည့် ပထဝီဝင် ဘာသာရပ်တွင် ကျောင်းသား(၆၅)ဦး၊ ကျောင်းသူ(၄၁)ဦး၊ စုစုပေါင်း(၁၀၆)ဦး၊ ရာခိုင်နှုန်းမှာ (၈၀.၃၀)ရာခိုင်နှုန်းတို့ ဝင်ရောက်ဖြေဆိုကာ ပျက်ကွက် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၂၆)ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့်(၁၉.၀၇) ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)