ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

ပေါက် ဧပြီ ၇

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဧပြီ ၇ ရက် နံနက်ပိုင်းက မြို့နယ် ရုံးစာကြည့်တိုက်သို့ နေ့စဉ်လာရောက်ကြသော စာငှားစာဖတ် ပရိသတ်များ၊ မြို့နယ်ရုံး ဝန်ထမ်းများနှင့်အတူ စာရေးဆရာနိုက် ရေးသားထားသော"သမီးနှင့် သားသို့ ပေးစာများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ ပြုလုပ်သည်။

 စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်မာမျိုးက စာကြည့်တိုက်လာ စာငှားစာဖတ် သူများအနေဖြင့် စာပေဖတ်ရှု့သည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန်နှင့် စာငှားစာဖတ်သူ အချင်းချင်း ရင်းနှီးမှုပိုမိုရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာငှားစာဖတ်သူများထဲမှ စာပေဝါသနာရှင် ဒေါ်ဇင်မာဝင်းက "သမီးနှင့်သားသို့ ပေးစာများ" စာအုပ် ပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပြီး၊ တက်ရောက်လာသော စာငှားစာဖတ်သူများကလည်း အသီးသီးအပြန် အလှန် ဆွေးနွေးကာ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဉာဏ်တိုး(ပြန်/ဆက်)