ကျုံပျော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲ ပထဝီဝင် ဘာသာရပ် နေ့တွင် (၉၅.၄၈%) ဝင်ရောက်ဖြေဆို

ကျုံပျော် ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲ ပထဝီဝင် ဘာသာရပ်‌ ဖြေဆိုနေ့တွင် ကျောင်းသား၊ ကျောင်းသူ (၉၅.၄၈%) ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ် ဒုတိယပညာရေးမှူး ဆရာကြီး ဦးစိုးနိုင်ထံမှ သိရသည်။

အဆိုပါ ဘာသာရပ်ကို ဖြေဆိုရန်  ကျောင်းသား(၃၃၅)ဦး၊ ကျောင်းသူ(၄၁၈) ဦး စုစုပေါင်း (၇၅၃)ဦး စာရင်းပေး သွင်းခဲ့ပြီး၊ ယနေ့တွင် ကျောင်းသား(၃၁၅) ဦး၊ ကျောင်းသူ (၄၀၄) ဦး၊ စုစုပေါင်း(၇၁၉) ဦးဝင်ရောက်ဖြေ ဆိုခဲ့ကြကာ၊ ကျောင်းသား(၂၀)ဦး၊ ကျောင်းသူ(၁၄)ဦး၊ စုစုပေါင်း (၃၄)ဦး ပျက်ကွက်ခဲ့ကြောင်း ၊ စုစုပေါင်း (၉၅.၄၈%) ဝင်ရောက် ဖြေဆို ခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို ကျုံပျော်မြို့နယ်တွင်  စာစစ်ဌာနပေါင်း(၁၀)ခုဖြင့် စစ်ဆေးဆောင်ရွက်ပြီး၊ စာစစ်ဌာနများမှာ အထက(၁)ကျုံပျော်၊ အထက(၂)ကျုံပျော်၊ အထက သောင်ကြီး၊ အထက အထောင်၊ အထက လှည်းဆိပ်၊ အထက မိုးကြိုးပစ်၊ အထက ရေတွင်းရိုး၊ အထက အင်းရဲ၊ အထက ဒိုက်ပျက်နှင့် အထက ရေစခန်းတို့ဖြစ်ကြောင်း၊ စာမေးပွဲ ဖြေဆိုသူများ  စိတ်ချမ်း‌မြေ့စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ လုံခြုံရေး‌ ဆောင်ရွက်ခြင်းများ  ဆောင်ရွက်ပေး လျက်ရှိ‌ ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)