လက်ပံတန်း ဧပြီ ၇
လက်ပံတန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အသက် ၁၈ နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သူများကို ကာကွယ်ဆေးထိုးအဖွဲ့များခွဲ၍ ကျေးလက်ကျန်းမာရေး နယ်မြေအလိုက် ရပ်ကွက်/ ကျေးရွာများ အထိ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်က ပျဉ်းကတိုးကုန်းနှင့် စီန်တုံးကျေးရွာအုပ်စုတို့တွင် ကာကွယ်ဆေး ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် ရပ်ကွက်လေးရပ်ကွက်အုပ်စု ၅၃ အုပ်စုမှ အသက် ၁၈ နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်အကျုံးဝင်သူ (၉၃၁၀၇) ဦးကို ဦးတည်အုပ်စု ၂၄ အုပ်စု သတ်မှတ်၍ ဆေးထိုးအဖွဲ့ (၆) ဖွဲ့ဖြင့် ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ပျဉ်းကတိုးကုန်းကျေးရွာ၌ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် (၃၅) ဦး၊ အသက် ၁၈ နှစ် အထက် (၁၂၁) ဦး၊ စိန်တုန်းကျေးရွာတွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် (၅၀) ဦး၊ အသက် ၁၈ နှစ်အထက် (၂၂) ဦးနှင့် အသက် ၁၂ နှစ်အထက် (၁၀၀) ဦးကို ကျန်းမာရေး ဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)