ဟင်္သာတ ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မိသားစုဝင်ငွေရရှိရေး တစ်နိုင်တစ်ပိုင် ဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် နည်းပြဆရာမ ဒေါ်ခိုင်မေသန်းက ဆပ်ပြာဆီပြုလုပ်ဖော်စပ်ရာတွင် အသုံးပြုသော ပါဝင်ပစ္စည်းများအကြောင်း၊ ဖျော်စပ်ပုံနှင့် လိုက်နာရမည့် နည်းစနစ်များ၊ ထုတ်ပိုးသည့်ပုံစံများ၊ စျေးကွက်သို့ ပြန်လည်ဖြန့်ဖြူး ရောင်းချလိုပါက ကြိုတင်ပြင်ဆင် လုပ်ဆောင်ရမည့်အရာများ စသည့်တို့ကို အကျယ်တဝံ့ ဆွေးနွေးပြောကြားခဲ့ပြီး သင်တန်းတက်ရောက်သူများကို လက်တွေ့ပြုလုပ်ပြသခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြပြီး မိသားစုတွင် အိမ်တွင်းတစ်နိုင်တပိုင် စျေးနှူန်းသက်သာစွာဖြင့် ထုတ်လုပ်အသုံးပြုနိုင်မည်ဖြစ်ပြီး မိသားစုဝင်ငွေ ရရှိရေးကိုလည်း အမှန်တစ်ကယ် အထောက်အကူပြု အကျိုးရရှိမည့် သင်တန်းဖြစ်ကြောင်း သိရသည်။
ကိုဇော်