နတ်တလင်း ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်မှ စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်တို့ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
ဘာသာတွဲ(၁)နှင့်(၂)တွင် ဘောဂဗေဒဘာသာအား အ.ထ.က(နတ်တလင်း)စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား/သူ(၃၀၀)ဦးတွင် (၂၇၈)ဦး၊ အ.ထ.က(တာပွန်) စာစစ် ဌာနတွင် စာရင်းရှိကျောင်းသား/သူ(၉ဂ)ဦးတွင် (၈၆)ဦး၊ အ.ထ.က(ဒမငယ်) စာစစ်ဌာနတွင် စာရင်းရှိကျောင်းသား/သူ(၅၀)ဦးတွင် (၄၆)ဦး၊ အ.ထ.က(အောင်ဇေယျာ)စာစစ် ဌာနတွင် စာရင်းရှိကျောင်းသား/သူ (၂၇)ဦးတွင် (၂၅)ဦး၊ အ.ထ.က (ကရင်ကုန်း)စာစစ်ဌာနတွင် စာရင်းရှိကျောင်းသား/သူ(၄၇)ဦးတွင် (၄၅)ဦး စုစုပေါင်း(၄၈၀)ဦး ဝင်ရောက် ဖြေဆိုပြီး ၉၁.၉၅ ရာခိုင်နှုန်း ဖြေဆိုကြောင်းနှင့် ဘာသာတွဲ(၇)ဇီဝဗေဒဘာသာအား အ.ထ.က(နတ်တလင်း)စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား/သူ(၇၄)ဦးတွင် (၆၇)ဦး၊ အ.ထ.က(တာပွန်) စာစစ်ဌာနတွင် စာရင်းရှိကျောင်းသား/သူ(၂၇)ဦးတွင် (၂၇)ဦး၊ အ.ထ.က(အောင်ဇေယျာ)စာစစ်ဌာနတွင် စာရင်းရှိကျောင်းသား/သူ (၅)ဦးတွင် (၅)ဦး၊ အ.ထ.က (ကရင်ကုန်း)စာစစ်ဌာနတွင်စာရင်းရှိ ကျောင်းသား/သူ(၃၁)ဦးတွင် (၂၈)ဦး စုစုပေါင်း(၁၂၇)ဦး ဝင်ရောက်ဖြေဆိုပြီး ၉၂.၇၀ ရာခိုင်နှုန်း ဖြေဆိုကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရန် ပညာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် မြို့မိမြို့ဖများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပြီး ဖြေဆိုပြီးကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များမှ အအေးဗူးများဝေငှပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)