တောင်ငူမြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမမြောက်နေ့ ဘောဂဗေဒဘာသာရပ် နှင့် ဇီဝဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆို

တောင်ငူ ဧပြီ  

၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ဆဌမမြောက်နေ့အဖြစ် အတွဲ () မှ ဘောဂဗေဒဘာသာရပ်နှင့် အတွဲ () မှ ဇီဝဗေဒဘာသာရပ်ကို တောင်ငူမြို့နယ်အတွင်းရှိ စာစစ်ဌာန ခု၌ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုကြသည်။

တောင်ငူမြို့နယ်တွင် စာစစ်ဌာန ခုဖွင့်လှစ်ထားပြီး ဖြေဆိုရန် စာရင်းရှိ ကျောင်းသား ကျောင်းသူပေါင်း ၂၁၂၀ ဦးအနက် ဘောဂဗေဒဘာသာရပ်တွင် ၁၀၁၅ ဦးနှင့် ဇီဝဗေဒဘာသာရပ်တွင် ၈၉၁   ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည့်အတွက် ဖြေဆိုမှုရာခိုင်နှုန်း  ၉၀ ဒသမ ၁၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ရပ်ကွက်၊  ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြသည်။

ခရိုင် (ပြန်/ဆက်)