မအူပင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ ဆက်လက်ဖြေဆို

မအူပင် ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့ နံနက်(၉)နာရီ အချိန်မှစတင်၍ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိ​သည်။
မအူပင်မြို့နယ်အတွင်းရှိ အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က ကျောင်းရွာ၊ အ.ထ.က ခုနှစ်အိမ်တန်း၊ အ.ထ.က လေးအိမ်စု၊ အ.ထ.က ရွှေတောင်မှော်၊ အ.ထ.က ကျွဲဒုံး၊ အ.ထ.က ကျုံနတ္တော်၊ အ.ထ.က လက်ပံကုန်း၊ အ.ထ.က မလက်တို၊ အ ထ.က ရေလဲကလေး၊ အ.ထ.က လယ်ကိုင်း စာစစ်ဌာန (၁၂)ခုတို့တွင် ဖြေဆိုလျက်ရှိပြီး ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များအား စာမေးပွဲဝင်ရောက်ဖြေဆိုသည့် ကျောင်းသား (၈၅၅)ဦး၊ ကျောင်းသူ (၁၂၃၇)ဦး၊ စုစုပေါင်း (၂၀၉၂)ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

အောင်ခိုင်၊အောင်မြင့်မြတ်