ကံမ ဧပြီ ၆
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒသာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့အား စာစစ်ဌာန(၃)ခုတို့၌ ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူ ၅၇၆ ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ်အား ကျောင်းသား ၂၃ ဦး ကျောင်းသူ ၄၈ ဦး စုစုပေါင်း ၇၁ ဦး ဝင်ရောက်ဖြေဆို၍ ဘောဂဗေဒဘာသာရပ်၌ ကျောင်းသား ၂၃၇ ဦး ကျောင်းသူ ၂၆၈ ဦး စုစုပေါင်း ၅၀၅ ဦး ဖြေဆိုပြီး မြို့နယ်အတွင်း စာစစ်ဌာန(၃)ခုတို့၌ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၇၆ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အေးချမ်းစွာ ဖြေဆိုနိုင် ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)