ညောင်တုန်းမြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်)ကို ကျောင်းသား/ကျောင်းသူများ ဆက်လက်ဖြေဆို

ညောင်တုန်း ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ (ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်)ကို ယနေ့၊ ဧပြီလ (၆)ရက်နေ့၊ နံနက်(၉)နာရီ အချိန်မှစတင်၍ ကျောင်းသား/ကျောင်းသူများ ဆက်လက် ဖြေဆိုလျက်ရှိ​သည်။

ညောင်တုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၁)ခုတို့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်များကို ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၉၂၉)ဦး ဝင်ရောက်ဖြေဆို ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)