ကြံခင်းမြို့၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဆဋ္ဌမမြောက်နေ့ ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်ကို ဆက်လက်ဖြေဆို

ကြံခင်း ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် မတ်လ (၃၁)ရက်နေ့မှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စတင်ဖြေဆိုခဲ့ရာ ဆဋ္ဌမမြောက်နေ့အဖြစ် ယနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆိုကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို ကြံခင်းမြို့နယ် စာစစ်ဌာန(၅)ခုတွင် သိပ္ပံတွဲ၊ ဇီဝဗေဒဘာသာရပ်နှင့် ဝိပ္ပံတွဲ ဘောဂဗေဒ ဘာသာရပ်ဖြေဆိုရန် လျှောက်လွှာတင်သွင်းသူ စာရင်းရှိ (၃၁၀)ဦး၊ ဖြေဆိုသူ (၂၈၁)ဦးနှင့် ပျက်ကွက် (၂၉) ဦးရှိပြီး၊ (၉၀.၆၅)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ သိရသည်။

ကြံခင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပညာရေးမှ တာဝန်ရှိသူများက အနီးကပ်စောင့်ကြပ်ပေးကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)