ဟင်္သာတမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒဘာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်များ ဆက်လက်ဖြေဆို

 ဟင်္သာတ ဧပြီ ၆

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၃၁ ရက်နေ့မှစတင်ပြီး ဖြေဆိုလျက်ရှိရာ ဟင်္သာတမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒဘာနှင့် ဘောဂဗေဒဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူ (၂၄၉၄ )ဦးမှ အေးချမ်းစွာ ဆက်လက်ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို ဟင်္သာတမြို့နယ်အတွင်း စာစစ်ဌာ(၁၃)ခုသတ်မှတ်ထားပြီး စာစစ်ဌာနများတွင် ဇီဝဗေဒဘာသာရပ်ကိုဖြေဆိုရန် စာရင်းရှိကျောင်းသား ကျောင်းသူ (၆၂၉)ဦးရှိသည့်အနက် ဖြေဆိုသူ (၆၀၃)ဦးရှိရာ ဖြေဆိုမှုရာနှုန်း (၉၅.၈၇)ရာခိုင်နှုန်း၊ ဘောဂဗေဒဘာသာကို​ စာရင်းရှိ (၂၀၃၈)ဦးအနက် ဖြေဆိုသူ(၁၈၉၁)ဦးရှိပြီး (၉၂.၇၉)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဟင်္သာတမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာ အောင်မြင်ပြီးစီးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ပညာရေးဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဇော်