ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မား​ရေး အသိပညာပေး​ ဆွေး​နွေးပွဲကျင်းပ

ရေတာရှည်    ဧပြီ  

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း  စိုက်ပျိုး​ရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မား​ရေး အသိပညာပေး​ဆွေး​နွေးပွဲကို  ယမန်နေ့ ညနေပိုင်းတွင် ဆင်​ဂွေ​ကျေးရွာအုပ်စု၊ ဆင်​ဂွေ​ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင်  မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနဒုတိယဦးစီးမှူး ဦးစန်းဝင်းက ဒေသဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုး တိုးတက်စေရေး၊  ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်​စေ​ရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်​ငွေတိုးတက်မြင့်မားလာ​စေ​ရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းညှိနှိုင်းပံ့ပိုး ဆောင်ရွက်​ပေးနိုင်ရန်အတွက် ​သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လာရောက်​တွေ့ဆုံ​ဆွေး​နွေး​ဆောင်ရွက်ခြင်းဖြစ်ကြောင်း မိဘပြည်သူများအ​နေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိမိ​ဒေသဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက် လိုအပ်သည်များအား မိသားစုသဖွယ် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေး​နွေးစေလို​ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်း​ဇော်မှ စိုက်ပျိုးရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်းတောင်ငူခရိုင် မွေးမြူရေးနှင့်ကုသ​ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေစိုးက ဒေသကြက်​မွေးမြူ​ရေးနှင့်ပတ်သက်၍လည်းကောင်းမြို့နယ်ဦးစီးမှူး ဒေါက်တာကြည်လင်ကကျွဲ၊ နွား၊ ဝက်၊ ဘဲ၊ ကြက်များအတွက် အစာအဖြစ်ကျွေးမွေးနိုင်သည့် နေပီယာမြက်နှင့် ပတ်သက်၍လည်းကောင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရန်နိုင်ညွန့်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့်ပတ်သက်၍လည်းကောင်းဆည်​မြောင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမြတ်လင်းက စိုက်ပျိုးရေ ပေးဝေမှု အ​ခြေအ​နေများအားလည်း​ကောင်းရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့​ကြောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဆပ်ပြာဆီပြုလုပ်နည်းအား လက်တွေ့ပြုလုပ်ပြသခဲ့ပြီး မွေးမြူရေးနှင့်ကုသ​ရေးဦးစီးဌာနက နေပီယာမြက်မျိုးများအား အခမဲဖြန့်ဝေပေးခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)