အိမ်မဲ ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကလေးစာဖတ်ခန်းတွင် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ စိတ်ကြိုတ် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ပုံပြင်ပြောပြိုင်ပွဲတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကျောင်းသား/သူများ အသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး သွက်လက်ထက်မြတ်စေရန်၊ အများသူငှာရှေ့တွင် ရဲဝင့်စွာ ပြောတတ်ဆိုတတ်စေရန်၊ အပြောစွမ်းရည် တိုးတက်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စိတ်ကြိုတ်ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား ကျောင်းသူ (၁၀)ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ခဲ့ပါသည်။
အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမနှင့် ကလေးစာဖတ်ခန်းတို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ Talk Show များ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ စာအုပ် စာစောင်ပြပွဲများ၊ ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဌေးဌေးလှိုင်(ပြန်/ဆက်)