သရက် စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမဖြစ်ပါ်စေရေးကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီက သရက်မြို့၊ မြို့မဈေးထိပ်၌ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများအား ကြပ်မတ်စစ်ဆေး၍ ပညာပေးခြင်းလုပ်ငန်းများနှင့် (Mask) တပ်ဆင် မလာသူများအား ချက်ချင်းတပ်ဆင်စေခြင်းများ ဆောင်ရွက်ခဲ့သည်။
သရက်မြို့တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာ များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့မှ မော်တော် ဆိုင်ကယ်များ၊ သုံးဘီး ဆိုင်ကယ် များ၊ မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများအား နှာခေါင်း စည်းတပ်ဆင်ခြင်းရှိ/ မရှိရပ်တန့်စစ်ဆေးကာ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများကို (Mask) တပ်ဆင်စဉ်နည်းလမ်းမှန်ကန်စေရေး လက်တွေ့ပြသ၍ တပ်ဆင်စေခြင်းများ ဆောင်ရွက်ခဲ့သည်။
အလားတူ သရက်မြို့ မြို့လယ်ဓမ္မာရုံရှေ့နှင့် မြို့အဝင်အနောက်ဂိတ်များတွင်လည်း အသိပညာပေးခြင်းနှင့် (Mask) တပ်ဆင်စေခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(ပြန်/ဆက်)