စစ်ကိုင်း စက်တင်ဘာ ၁
စစ်ကိုင်းမြို့တွင် အမှတ် (၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (စစ်ကိုင်း) မှ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးဆောင်ရွက်ပေးခြင်းများကို ယမန်နေ့က မြို့မဈေးနှင့် လမ်းလေးဆုံမီးပွိုင့်တို့၌ ပြုလုပ်ခဲ့ကြသည်ကို သိရသည်။
အသိပညာပေးများပြုလုပ်ရာတွင် အမှတ်(၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(စစ်ကိုင်း)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ဝင်းကိုကိုနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များသည် ၂၀၂၀ မော်တော်ယာဉ် ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ယာဉ် အန္တရာယ် ကင်းရှင်းစေရေးနှင့် မော်တော်ယာဉ် စီမံ ခန့်ခွဲမှု ဥပဒေပုဒ်မ ၇၆(ခ)ပါ မော်တော်ဆိုင်ကယ်ကို မောင်းနှင်စီးနင်းရာတွင် ရှေ့မီးအနိမ့်ကို နေ့၊ ညအချိန်တိုင်းတွင်ဖွင့်၍ မောင်းနှင်ရမည်ဟု ပါရှိသည်ဖြစ်ရာ မော်တော်ဆိုင်ကယ်စီးနင်း ကြသည့် မိဘပြည်သူများအနေဖြင့် မော်တော်ဆိုင်ကယ် စီနင်းရာတွင် နေ့၊ ည အချိန် တိုင်းဖွင့်၍ မောင်းနှင်စီးနင်းကြပါရန်နှင့် မော်တော်ဆိုင်ကယ်စီးတိုင်း ဆိုင်ကယ်စီးဦးထုပ်များဆောင်းကြရန် ရှင်းလင်းပြောကြားပေးကာ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးလက်ကမ်းစာစောင်များကို ပေးဝေခဲ့ကြကြောင်းသိရသည်။
မျိုးဝင်း(ပြန်/ဆက်)