ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covishield) ဆက်လက်ထိုးနှံရေး ကွင်းဆင်းဆောင်ရွက်

ရွှေတောင် ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့်   ကိုဗစ်-၁၉ ရော‌ဂါ ကာကွယ်ဆေး (Covishield)ထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျေးရွာများသို့အရောက် ကွင်းဆင်းကာ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covishield)ထိုးနှံရာတွင် မကျန်ရှိစေရေး၊ ကျေးရွာများရှိပြည်သူများကို ရာနှုန်းပြည့်ထိုးနှံ ပေးနိုင်ရေးအတွက် အဖွဲ့ နှစ်ဖွဲ့ခွဲ၍ ကသစ်တိုင်းအုပ်စု စမ်းကျေးရွာမှ (၄၄)ဦး၊ သရက်ပင်ကွင်းကျေးရွာမှ (၄၄)ဦး၊ ကသစ်တိုင်းကျေးရွာမှ (၅၅)ဦး၊ ဒုရင်ဒုဘိုအုပ်စု ဒုရင်ဒုဘိုကျေားရွာမှ (၆၆)ဦးစုစုပေါင်း (၂၀၉)ဦးတို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ဦးဆောင်၍ သက်ဆိုင်ရာနယ်မြေခံ ကျန်းမာရေး ဝန်ထမ်း များ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် ကိုဗစ်ကာကွယ်ဆေး Covishield ကို ထိုးနှံပေး ခဲ့ကြောင်းနှင့် ရွှေတောင်မြို့ပေါ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း