ဖျာပုံမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အား ဆက်လက်ဖြေဆို

ဖျာပုံ ဧပြီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်အား စာစစ်ဌာန (၁၃)ခုဖြင့် ယနေ့နံနက် (၉)နာရီမှစတင်၍ အေးချမ်းစွာဖြင့် ဆက်လက်ဖြေဆိုကြသည်။

ဖျာပုံမြို့နယ်အနေဖြင့် စာမေးပွဲစတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်အား ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးနှင့် စာမေးပွဲအား အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူးအပါအဝင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြသည်။

အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အား ဖျာပုံမြို့နယ်အနေဖြင့် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၅၃၈)ဦး၊ ကျောင်းသူ ( ၈၁၈)ဦး၊ စုစုပေါင်း (၁၃၅၆)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ဝင်ရောက်ဖြေဆိုသည့် စာရင်းရှိ ကျောင်းသား/ သူဦးရေ၏ (၉၁.၃၁)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)