တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ် ဖြေဆိုပြီးစီး

ခါမ်းပါတ် ဧပြီ ၄

၂၀၂၁-၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့ဖြေဆိုသည့် ဓာတုဗေဒဘာသာရပ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ခါမ်းပါတ် အ.ထ.က စာစစ်ဌာနမှ ကျောင်းသား/ကျောင်းသူ (၉၆) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ယနေ့ဖြေဆိုသည့် ဘာသာတွဲများဖြစ်သည့် အတွဲ- ၇ နှင့် အတွဲ- ၁ တို့တွင် ကျောင်းသား/ ကျောင်းသူ (၁၁၈) ဦးရှိပြီး အတွဲ- ၇ တွင် (၁၃) ဦး၊ အတွဲ- ၁ တွင် (၈၃)ဦး၊ စုစုပေါင်း (၉၆) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကာ ပျက်ကွက် (၂၂) ဦးရှိကြောင်းလည်း သိရသည်။

ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် တာဝန်ရှိဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များမှလည်း အပြင်စည်းလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြကြောင်း သိရသည်။

ဝိဇ္ဇာမောင်