သရက်ချောင်း ဧပြီ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် အရွယ်ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်မှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို သရက်ချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သူနာပြုဆရာမဒေါ်သဥ္စာသိန်းဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ကလေးသူငယ်များအား ကိုယ်ပူချိန်တိုင်းခြင်း၊ ပေါင်ချိန် ခြင်း၊ မွေးကင်းစမှ(၂)နှစ်အောက် ကလေးသူငယ်များကို ဆိုဆို့၊ ကြက်ညှာ၊ချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်သားအဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ဝက်သက်စသည့် ငါးမျိုးစပ်ကာကွယ်ဆေးများကို သတ်မှတ်အကြိမ်အတိုင်း ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေးတိုက်ကျွေးခြင်းနှင့် ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပေးကြောင်း သိရသည်။
သားကြီး (သရက်ချောင်း)