ဘိုကလေး ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အား စာစစ်ဌာန(၁၀)ခုဖြင့် ယနေ့နံနက် (၉)နာရီမှစတင်၍ ဆက်လက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးနှင့် စာမေးပွဲအား အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် စာစစ်ဌာနပြင်ပများ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူးအပါအဝင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အား ဘိုကလေးမြို့နယ်အနေဖြင့် ဝင်ရောက်ဖြေဆိုသူ ကျောင်းတွင်းဖြေ (၆၁၉)ဦးနှင့် ကျောင်းပြင်ပဖြေ (၄၈၂)ဦး၊ စုစုပေါင်း (၁၁၀၁)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ဝင်ရောက်ဖြေဆိုရမည့် စာရင်းရှိ ကျောင်းသား/သူဦးရေ၏ (၉၀) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြပြီး (၁၀)ရာခိုင်နှုန်း ဖြေဆိုမှုပျက်ကွက်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုးစက်