ဝေါမြို့နယ်အတွင်း နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

 ပဲခူး ဧပြီ ၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နွေစပါးကိုတိုးချဲ့စိုက်ပျိုးနိုင်ရန် ယနေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် အဖွဲ့ဝင်များသည် မြို့နယ်ဆည်မြောင်းနှင့်​ရေအသုံး ချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ မြို့နယ်အတွင်းရှိ ချောင်းများနှင့် တူးမြောင်းအနီးရှိ လယ်ယာမြေများအား ကွင်းဆင်း၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများသည်  ထိန်တပင်ချောင်း၊ အဗျား ရှမ်းကိုင်းချောင်းနှင့် ဝိုင်ရိုးတူးမြောင်အနီးရှိ လယ်ယာမြေများတွင် နွေစပါးကိုတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ရေရရှိမည့် နည်းလမ်းများကို ဒေသခံတောင်သူများနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးမိုး