ကျုံပျော် ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၉၇.၃၆%) ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ဒုတိယပညာရေးမှူး ဆရာကြီး ဦးစိုးနိုင်ထံမှ သိရသည်။
အဆိုပါဘာသာရပ်ကို ဖြေဆိုရန်ကျောင်းသား (၁၅၀)ဦး၊ ကျောင်းသူ (၂၂၉) ဦး စုစုပေါင်း (၃၇၉)ဦး စာရင်းပေးသွင်းခဲ့ပြီး၊ ယနေ့တွင် ကျောင်းသား (၁၄၆)ဦး၊ ကျောင်းသူ (၂၂၃)ဦး၊ စုစုပေါင်း (၃၆၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကာ၊ ကျောင်းသား (၄)ဦး၊ ကျောင်းသူ (၆)ဦး၊ စုစုပေါင်း (၁၀)ဦး ပျက်ကွက်ခဲ့ကြောင်း၊ စုစုပေါင်း (၉၇.၃၆%) ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကို ကျုံပျော်မြို့နယ်တွင် စာစစ်ဌာနပေါင်း (၁၀)ခုဖြင့် စစ်ဆေးဆောင်ရွက်ပြီး၊ စာစစ်ဌာနများမှာ အ.ထ.က(၁)ကျုံပျော်၊ အ.ထ.က(၂)ကျုံပျော်၊ အ.ထ.က သောင်ကြီး၊ အ.ထ.က အထောင်၊ အ.ထ.က လှည်းဆိပ်၊ အ.ထ.က မိုးကြိုးပစ်၊ အ.ထ.က ရေတွင်းရိုး၊ အ.ထ.က အင်းရဲ၊ အ.ထ.က ဒိုက်ပျက်နှင့် အ.ထ.က ရေစခန်းတို့ဖြစ်ကြောင်း၊ စာမေးပွဲဖြေဆိုသူများ စိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လုံခြုံရေးဆောင်ရွက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)