တောင်ငူ၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို

တောင်ငူ ဧပြီ ၄

၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်ကို တောင်ငူမြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခု၌ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ စည်းမျဥ်း စည်းကမ်းနှင်အညီ Mask များ တပ်ဆင်လာစေခြင်း၊ အပူချိန်တိုင်းတာခြင်း၊ စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်မမှန်စစ်ဆေးခြင်းများကို  ဆရာဆရာမများက စနစ်တကျ စစ်ဆေးခြင်းများ ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊  ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

တောင်ငူမြို့နယ်တွင် စာစစ်ဌာန ၉ ခုဖွင့်လှစ်ထားပြီး ဖြေဆိုရန်စာရင်းရှိ ကျောင်းသား ကျောင်းသူပေါင်း ၂၁၂၀ ဦးတွင် စတုတ္ထမြောက် ဓာတုဗေဒဘာသာရပ်ကို ၁၉၁၂  ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည့်အတွက် ဖြေဆိုမှုရာခိုင်နှုန်း  ၉၀ ဒသမ ၁၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ခရိုင် (ပြန်/ဆက်)