ဆင်ပေါင်ဝဲမြို့နယ်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်

ဆင်ပေါင်ဝဲ စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပညာရေးကဏ္ဍအနေဖြင့် ကျောင်းဆောင်သစ်များ ဆောက်လုပ်ခြင်း၊ ကျောင်းဆောင်များပြင်ဆင်ခြင်း၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်း၊ ကျောင်းခန်းမများဆောက်လုပ်ခြင်း၊ သန့်စင်ခန်းများ ဆောက်လုပ်ခြင်း၊ ခြံစည်းရိုးချိန်းလင့်ကာရံခြင်း၊ ကျောင်းဝန်းအတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ ရေကန်များ ဆောက်လုပ်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ်သန်း (၈၂၉.၅၅၉)ဖြင့် ကျောင်းဆောင်သစ် ဆောက်လုပ်မှု(၁၂)ခု၊ ကျောင်းဆောင်ပြင်ဆင်မှု(၁၄)ခု၊ ကျောင်း ခန်းမဆောက်လုပ်မှု(၁)ခု၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မှု(၁)ခု၊ သန့်စင်ခန်းဆောက်လုပ်မှု(၇၇)ခု၊ ရေ ကန်ဆောက်လုပ်မှု(၂)ခု၊ ကျောင်းဝန်းအတွင်း ကွန်ကရစ်လမ်းခင်းခြင်း(၃)ခုနှင့် ခြံစည်းရိုး ချိန်းလင့်ကာရံခြင်း(၂၀)ခုတို့အား တင်ဒါအောင်ကုမ္မဏီ( ၃)ခု တို့ဖြင့်၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလကုန် ပြီးစီးနိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးဉာဏ်မြင့်ထံမှ သိရှိရသည်။

အိဖြူဖြူမောင်(ပြန်/ဆက်)