ရွှေသောင်ယံမြို့ သဲကုန်းကျေးရွာအုပ်စု ဝက်သေကျေးရွာတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ရွှေသောင်ယံ ဧပြီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ ဝက်သေကျေးရွာ အသင်းတော်ခန်းမဆောင်တွင် ယနေ့ နံနက် (၉)နာရီအချိန်ခန့်က ပထမဦးဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVISHIELD ကိုထိုးနှံပေးရာ ကျေးရွာအတွင်းရှိ ဆေးမထိုးနှံရသေးသည့် ပြည်သူ(၄၄)ဦးမှ လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။

ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများမှ သွေးပေါင်ချိန်တိုင်းခြင်း၊ Oxygen တိုင်းခြင်း၊ ဖျာနာခြင်း ရှိ မရှိ စသည်ဖြင့် ဆေးထိုးရာတွင် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်၍ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ ရွှေသောင်ယံမြို့ရှိ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများမှ ဆောင်ရွက်ပေးပြီး လုံခြုံရေးအနေဖြင့် ရွှေသောင်ယံနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုမောင်(ပြန်/ဆက်)