ပုသိမ်မြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းများ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာကပ်ထား

ပုသိမ်   စက်တင်ဘာ   ၁

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ပုသိမ်မြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စားရင်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် သြဂုတ်လ ၃၀ ရက်နေ့မှစ၍ ကြေညာကပ်ထားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါစာရင်း၌ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်း(၁)ဦးအတွက် ပါဝင်အရွေးချယ် ခံမည့် ကိုယ်စားလှယ်(၉)ဦး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၃)မှ ကိုယ်စားလှယ်လောင်း(၁)ဦးအတွက် အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း(၅)ဦး၊ပုသိမ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၁)မှ ကိုယ်စားလှယ် လောင်း(၁)ဦးအတွက် ကိုယ်စားလှယ်လောင်း (၈)ဦး၊ မဲဆန္ဒနယ်(၂)အတွက် ကိုယ်စားလှယ်လောင်း(၁)ဦးအတွက် ကိုယ်စားလှယ်လောင်း(၁၁)ဦး၊ ‌ကရင် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း (၁)ဦးအတွက် ကိုယ်စားလှယ်လောင်း (၆)ဦး၊ ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း (၁)ဦးအတွက် ကိုယ်စားလှယ်လောင်း(၅)ဦးတို့က ပါဝင်ယှဉ်ပြိုင် အရွေးခံကြမည်ဖြစ်ကြောင်း သိရသည်။

ပါဝင်အရွေးခံကြမည့် လွှတ်အသီးသီး၏ ကိုယ်စားလှယ်လောင်းအမည်များကို မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင်လည်း ကပ်ထားသည်။ ပုသိမ် မြိုနယ်တွင် ရပ်ကွက် ၂၅၊ ကျေးရွာအုပ်စု ၅၃၊ မဲရုံ ၂၀၀ ရှိကြောင်းသိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)