ရေတာရှည် ဧပြီ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများရှိ ကြီးကြပ်ရေးမှူး ဆရာ၊ဆရာမများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့နေ့လယ်ပိုင်းတွင် စာစစ်ဌာန များသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သကဦးနှင့် တာဝန်ရှိသူများက ရေတာရှည် မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများဖြစ်သည့် အ.ထ.က (ရေတာရှည်) ၊ အ.ထ.က(ရွှေကြက်ယက်)၊ အ.ထ.က(ဆွာ)၊ အ.ထ.က(သာဂရ)၊ အ.ထ.က(မြို့လှ)၊ အ.ထ.က (ရေနီ) ကျောင်းများသို့ သွားရောက်၍ စာစစ်ဌာန(၁) ခုလျှင် ငွေကျပ် (၆၀၀၀၀) စီဖြင့် စုစုပေါင်းငွေကျပ် (၃၆၀၀၀၀)ကို ကြီးကြပ်ရေးမှူး ဆရာ၊ဆရာမများအတွက် ထောက်ပံ့ပေးအပ်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး နိုင်ရေး အတွက် လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)