ကသာ ဧပြီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်တွင် အမျိုးသမီး လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပန်းလက်မှုပညာများကို သိရှိနားလည်ပြီး စိတ်ဝင်စားစွာ လုပ်ဆောင်တတ်စေရန်ရည်ရွယ်၍ အမျိုးသမီးလူငယ်များအား ပန်းလက်မှု ပညာသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အခမဲ့ စတင်ဖွင့်လှစ်သင်ကြားသည်။
အဆိုပါသင်တန်းကို ဧပြီလ(၄)ရက်နေ့မှ ဧပြီလ(၈)ရက်နေ့အထိ (နံနက်(၁၀)နာရီမှ (၁၁)နာရီအထိ) (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ကသာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ခိုင်ခိုင်ထွန်း (ရုပ်သံကျွမ်းကျင်-၃)က သင်ကြားပေးရာ အမျိုးသမီးလူငယ် (၁၅)ဦး တက်ရောက်ပညာသင်ယူလျက်ရှိသည်။
ခရိုင်(ပြန်/ဆက်)