မုံရွာခရိုင်အတွင်း အခြေခံပညာကျောင်းများတွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒဘာသာရပ်ဖြေဆို

မုံရွာ ဧပြီ ၄

၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့ အထိ ကျင်းပလျက်ရှိရာ  စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ချောင်းဦး၊ ဘုတလင်နှင့် အရာတော်မြို့နယ်တို့ရှိ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများ အသီးသီးတွင် ဧပြီလ ၄ရက်၊ ဓာတုဗေဒဘာသာ ဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူများ  စိတ်အေးချမ်း‌ မြေ့စွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 မုံရွာခရိုင်အတွင်း ပညာရေးဌာနအနေဖြင့် မုံရွာမြို့နယ်တွင် စာစစ်ဌာန၂ ခု၊ ဘုတလင်မြို့နယ်၊ ချောင်းဦးမြို့နယ်နှင့် အရာတော်မြို့နယ်တို့တွင် စာစစ်ဌာန ၁ ခုစီ၊ စုစုပေါင်း စာစစ်ဌာန ၅ ခုတွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း  ၉၈၁ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ ဖြေဆိုသည့်ရာခိုင်နှုန်း ၈၀ ဒဿမ ၀၁ ရှိကြောင်း သိရပြီး  ခရိုင်အတွင်း မြို့နယ်အလိုက် စတုတ္ထနေ့ဖြေဆိုသူ ရာခိုင်နှုန်းမှာ မုံရွာမြို့နယ် ၈၇ ဒဿမ ၅၈၊ ဘုတလင်မြို့နယ် ၅၂ ဒဿမ ၂၄၊ ချောင်းဦးမြို့နယ် ၆၃ ဒဿမ ၇၀ နှင့် အရာတော်မြို့နယ်တွင် ၇၅ ဒဿမ ၀၀ ရာခိုင်နှုန်းစီ အသီးသီးဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

အဆိုပါ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူများ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးတို့အတွက် သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များက ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို  ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)