အထက်မင်းလှ ဧပြီ ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ကတ်ပြားရှိ/မရှိ စစ်ဆေး ခြင်းနှင့် ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင် ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို မင်းလှမြို့အဝင် ညောင်ပင်သာစစ်ဆေးရေးဂိတ်၊ မလွန်တံတား စစ်ဆေးရေးဂိတ်နှင့် စစ္စနို့ကျေးရွာ စစ်ဆေးရေး ဂိတ်များတွင် ရဲတပ်ဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖွဲ့က နေ့စဉ်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မင်းလှမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် တာဝန်ရှိသူများအဖွဲ့က ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ ဝင်/ထွက်သွားလာမှုတွင် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရှိ/မရှိ မေးမြန်းခြင်း၊ ကာကွယ်ဆေးထိုနှံပြီးသည့် ဆေးထိုးကတ်ပြားများနှင့် ခရီးသွားလာရာတွင် နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ခြင်းရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)