မြင်းမူ ဧပြီ ၃
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးရှိ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနေလင်းအောင်က Talk Show ကျင်းပဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းလှိုင်ကယနေ့လူငယ်များ အနေဖြင့် အားကစားလှုပ်ရှားမှုများ ဆောင်ရွက်မှုနည်းပါးလာတာတွေ့ရှိရကြောင်း၊ မိမိတို့နှစ်သက်ရာ အားကစားများကို လှုပ်ရှား ဆောင်ရွက်ပေးခြင်းဖြင့် ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးကြောင်း ကျန်းမာရေးကောင်းမွန်မှသာ မိမိတို့ရဲ့ရည်မှန်းချက်များ အောင်မြင်လာမှာဖြစ်ကြောင်း စသည်ဖြင့် ဦးဆောင်ဆွေးနွေးပေးခဲ့သည်။
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုတများရရှိစေရန် စာအုပ်/ စာစောင်များ အခမဲ့ငှာရမ်းခြင်း၊ Talk Show များ စဉ်ဆက် မပြတ်ဆောင်ရွက်ခြင်း၊ ကလေးငယ်များအား ပြပွဲ/ ပြိုင်ပွဲများကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြင်းမူ(ပြန်/ဆက်)