ဗန်းမောက် စက်တင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာ ကွယ် ထိန်းချုပ်ရေး အတွက် ယနေ့နံနက် ၉ နာရီက မြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်နှင့် လူအများသွားလာရာ ကားဂိတ်များတစ်လျှောက် ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များနှင့် အိမ်သုံး ယာဉ်များတွင် လိုက်ပါစီးနှင်းသည့် ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်အသုံးပြုကြရန် အသိပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
အဆိုပါ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်နှင့် မြို့တော်ခန်းမလမ်းထောင့် တစ်လျှောက်တို့တွင် ဖြတ်သန်းသွား လာနေသည့် မော်တော်ယာဉ်များ၌ နှာခေါင်းစည်းတပ်ဆင်မှု မရှိသည့် ပြည်သူများအား နှာခေါင်းစည်းများ (၅၀၀)ခု အခမဲ့ဖြန့်ဝေပေးခြင်းဖြင့် အသိပညာပေး လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိကြောင်း၊ အပြင်သွား လျှင် စနစ်တကျ နှာခေါင်းစည်း တပ်ဆင်အသုံးပြုစေရေး အသိပညာပေးလုပ်ငန်းများကို ဗန်းမောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်း၏ ပံ့ပိုးမှုဖြင့် ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်ဝင်းနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)