ဘုရားသုံးဆူမြို့ ကျေးလက်ကျန်းမာရေးဌာန၌  အသက် ၂လမှစ၍ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ် များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်း ဆောင်ရွက်

ဘုရားသုံးဆူ ဧပြီ ၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင်  လစဉ် အသက် ၂လ မှစ၍ အသက် (၁)နှစ်ခွဲ အရွယ် ကလေးငယ်များအား ဘုရားသုံးဆူမြို့ ကျေးလက်ကျန်းမာရေးဌာနတွင် နံနက် ၉ နာရီ အချိန်က  ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများ  ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။

အဆိုပါ  ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင် ဘုရားသုံးဆူ မြို့ ကျေးလက်ကျန်းမာရေးဌာနရှိ  ကျန်းမာရေးဝန်ထမ်းများမှ  အသက် ၂ လမှစ၍ အသက်(၁)နှစ်ခွဲ အရွယ် ကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ပိုလီယို၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ (ငါးမျိုးစပ်ကာကွယ်ဆေး) စသည့် ရောဂါကာကွယ် ဆေးများကို ကလေး အသက်အရွယ်အလိုက် ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်သည်။ အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက် ကျွေးခြင်းလုပ်ငန်းကို ဧပြီလ ၃ ရက်မှစ၍ ဧပြီလ ၆ ရက်နေ့အထိ ပုံမှန်တိုက်ကျွေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘုရားသုံးဆူ(ပြန်/ဆက်)