မြို့သစ် ဧပြီ ၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ မြို့အဝင် နေပြည်တော်၊ မြို့သစ်၊ ကံပြားလမ်းဆုံ စစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်းရေးကတ် (မှတ်ပုံတင်) ကိုင်ဆောင်၍ ခရီးသွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ၂၀၂၂ ဧပြီ ၁ ရက်က စတင်စစ်ဆေးလျှက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေထိုင်ရာ နေရာများတွင် လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)ပြသ ဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်ကောင်း တရားဝင် ထုတ်ပေးထားသော နိုင်ငံသားကတ်(မှတ်ပုံတင်) ကိုင်ဆောင်သွားလာခြင်း ရှိ/မရှိကို မြို့သစ်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးမှ မြို့နယ်ဦးစီးမှူးဦးတင်စိုး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြိုသစ်မြို့မြို့အဝင်ဂိတ် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း( ပြန်ဆက်)