ခင်ဦးမြို့၌ စာပေချစ်သူများ (Book Club) စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ခင်ဦး ဧပြီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်သူများ(Book Club)တို့ ပူးပေါင်း၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး ဦးဟန်မျိုးကျော်က စာဖတ်ဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စာပေချစ်သူများအဖွဲ့ဝင်တို့က ဒို့ကျေးရွာ၊ မွေးမြူရေး နည်းလမ်းကောင်းများ စာအုပ်တွင် ပါရှိသော ဆိတ်မွေးမြူရေးတွင် သိသင့်သိထိုက်သော အကြောင်းအရာများ၊ နို့ခန်းရောဂါ ဂရုစိုက်ပါ၊ တိုင်းရင်းကြက် မွေးမြူခြင်းနှင့် ကာကွယ်ကုသခြင်း၊ ဝက်များတွင် လိုအပ်သော အာဟာရများနှင့် ဗိုက်တာမင်များစသည့် အကြောင်းအရာ များကို ဖတ်ကြားပြီး ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)