မင်းဘူး ဧပြီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် မြစ်ရေတင် ၂၄ နာရီလိုင်း/ မြို့ရေပေး သီးခြားရေတင်လိုင်း ပြီးစီးနေပြီဖြစ်၍ ပုံမှန်အတိုင်း တစ်မြို့လုံး ရေပေးဝေနိုင်တော့မည်ဖြစ်ကြောင်း မင်းဘူးမြို့ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးရဲမြင့်ထွန်းထံမှ သိရသည်။
မြို့ရေပေး (ကျောက်တန်း) သီးခြားရေတင်လိုင်းကို မတ်လ ၂ ရက်နေ့မှ ဧပြီ ၂ ရက်နေ့အထိ ၁၁ kv ကာဗာကြိုးများ၊ ၃၅၀ kv ထရန်စဖော်မာများဖြင့် တပ်ဆင်၍ အရှည် ၃.၄ မိုင်ရှိကာ တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ရန်ပုံငွေ ၁၇၉ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မင်းဘူးမြို့တွင် ယခင်နှစ်များက နွေရာသီကာလများတွင် ရေရှားပါးမှု ပြဿနာနှင့်ကြုံတွေ့ခဲ့ရ၍ ထိုကဲ့သို့ ရေရှားပါးမှု ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဖြေရှင်းနိုင်ရန် မြို့နယ်စီမံအဖွဲ့ဝင်များ၊ လျှပ်စစ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ပူးပေါင်း၍ မြို့ရေပေး သီးခြားရေတင်လိုင်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဌာနမှ သိရသည်။
ဇေယျာထက်(မင်းဘူး)
ဦးဝင်းနိုင် ဓာတ်ပုံကျွမ်းကျင် ( ၂ )