ရှမ်းရွာသစ် ဧပြီ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ် နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ အသက်(၁၈)နှစ်ထက် ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် တစ်ကြိမ် တစ်ခါမျှ မထိုးရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကျေးလက်ကျန်းမာရေးဌာနတွင် ပတလာဘ ကျေးရွာအုပ်စုရှိ ဒေသနေပြည်သူများတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးနိုင်ဝင်းအောင်နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်စုတာဝန်ရှိသူများက ကာကွယ်ဆေးထိုးရန်လာရောက်သည့် ပြည်သူများအား စာရင်း ရေးသွင်းပေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းပေးခြင်း၊ အပူချိန်တိုင်းပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)