ဘားအံမြို့နယ် ၊ သံလွင်တံတားထိပ် မြို့အဝင်စစ်ဆေးရေးဂိတ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား စစ်ဆေး

ဘားအံ  ဧပြီ ၂

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဧပြီလ(၁)ရက်နေ့မှစ၍ ခရီးသွားလာ တည်းခို နေထိုင်ရာတွင် မှတ်ပုံတင်အစား ထောက်ခံစာပြသအစစ်ဆေးခံခြင်း ခွင့်မပြုတော ့ကြောင်း မိဘပြည်သူများသို့ ကြိုတင်အသိပေးပန်ကြားချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြား စစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်မှစ၍ ဘားအံမြို့နယ်၊ သံလွင်တံတားထိပ် မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် အသက်(၁၆)နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရကိုင်ဆောင် သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရုံးတွင်ဆောင်ရွက်ခြင်း၊ ကျေးရွာ များအရောက် ကွင်းဆင်းဆောင်ရွက်ခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက် ဆင်းဆောင်ရွက် ပေးခြင်းများကို ၂၀၂၁ ခုနှစ် မေလမှစ၍ နိုင်ငံတစ်ဝှမ်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါ လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွား လာရာတွင်လည်းကောင်း၊ တည်းခို နေထိုင်ရာတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသဆောင်ရွက်ရာတွင် လည်းကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်) ကို ဧပြီ ၁ ရက်နေ့မှ စတင် စစ်ဆေးခြင်းဖြစ် ကြောင်း၊ မှတ်ပုံတင်အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိကိုင်ဆောင်ခြင်းသည် တည်ဆဲဥပဒေအရ ပြစ်မှုမြောက် ကြောင်းတို့ကို သိရှိစေရန်အသိပညာပေးပြောကြား၍ နိုင်ငံသားစိစစ်ရေးကတ်ပြား စစ်ဆေး ခြင်းကို ကရင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်မှူးဦးကျော်ကျော်နိုင်၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်မှူး ဦးမင်းနောင်နှင့်  တာဝန်ရှိသူများက မောင်တော်ယာဉ်များပေါ်တွင် လိုက်ပါလာသည့် ခရီးသွား ပြည်သူများအား နိုင်ငံသားကတ် (မှတ်ပုံတင်)စစ်ဆေးခဲ့ရာ (၉၉)ရာခိုင်နှုန်းသည် နိုင်ငံသားကတ် မှတ်ပုံတင် ကိုင်ဆောင်ထားကြသဖြင့် ကရင်ပြည်နယ်တွင် ပန်းခင်းစီမံချက်ဖြင့် မိဘပြည်သူများ သို့ အသိပေးကြေညာခြင်း ရည်ရွယ်ချက် အောင်မြင်မှုရရှိကြောင်း ဘားအံခရိုင် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ   ခရိုင်ဦးစီး မှူး ဦးမင်းနောင်ထံမှ သိရှိရသည်။

ခရိုင် (ပြန်/ဆက်)