ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်

ရေတာရှည်    ဧပြီ   ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နေ့လယ်ပိုင်းတွင် ကျွဲရိုင်းပြင်​ကျေးရွာအုပ်စု ရွာသစ်​ကျေးရွာသို့ ကွင်းဆင်းအသိပညာ​ပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်းက ဒေသဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊  ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်​စေ​ရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်​ငွေတိုးတက်မြင့်မား လာ​စေ​ရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းညှိနှိုင်းပံ့ပိုး ဆောင်ရွက်​ပေးနိုင်ရန် အတွက် ​သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လာရောက်​တွေ့ဆုံ​ဆွေး​နွေး​ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မိဘပြည်သူများ အ​နေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိမိ​ဒေသဖွံ့ ဖြိုးတိုးတက်​စေ​ရေးအတွက် လိုအပ်သည်များအား မိသားစုသဖွယ် ရင်းရင်းနှီးနှီးပွင့်ပွင့်လင်း လင်း ဆွေး​နွေးစေလို​ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦး​နေလင်း​ဇော်မှ စိုက်ပျိုးရေး ကိစ္စရပ် များနှင့် ပတ်သက်၍ လည်းကောင်း မွေးမြူရေးနှင့်ကုသ​ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါက်တာကြည်လင်က မွေးမြူရေးကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရန်နိုင်ညွန့်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများနှင့်ပတ်သက်၍ လည်းကောင်း ဆည်​မြောင်းဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးထွန်းမြတ်လင်းက စိုက်ပျိုးရေပေး​ဝေမှု အ​ခြေအ​နေ များအားလည်း​ကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေး​နွေးတင်ပြခဲ့​ကြောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆပ်ပြာဆီပြု လုပ်နည်းအား လက်တွေ့ပြုလုပ်ပြသခဲ့ပြီး စိုက်ပျိုးရေး၊​ မွေးမြူ​ရေး အသိပညာ​ပေးလက် ကမ်းစာ​စောင်များအား ဖြန့်ဝေပေးခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)